Main menu

မြင်းခြံမြို့၏ ပဲတောင့်ရှည်ဈေးနှုန်းများ မြင့်တက်လာခြင်း

Powered by Drupal

           မြင်းခြံမြို့နယ်ရှိ အေးမြသီတာဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံနှင့် ဟင်းသီးဟင်းရွက်များ ရောင်းဝယ်လျက်ရှိသည့်အနက် ပဲတောင့်ရှည်သီးများကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ် ဒီဇင်ဘာလ၌ ပဲတောင့်ရှည် တစ်ပိဿာလျှင် (၅၈၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၅၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် ပဲတောင့်ရှည်တစ်ပိဿာလျှင် (၁၀၀၀) ကျပ်၊ (၂၅)ကျပ်သားလျှင် (၂၀၀)ကျပ်ခန့် ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊ ထိုသို့ဈေးနှုန်းမြင့် တက်ခဲ့ခြင်းမှာ ‌ဒေသအတွင်း၌ စိုက်ပျိုးထားရှိသော ပဲတောင့်ရှည်များ ရာသီချိန်ကုန်ဆုံးခါနီးပြီဖြစ်၍ အထွက်နှုန်းကျဆင်းလာခြင်း၊ ဈေးကွက်လိုအပ်ချက်အရ လိုအပ်သောပဲတောင့်ရှည်များကို ပုပ္ပါးမြို့နှင့် အောင်ပန်းမြို့တို့မှ တင်သွင်းရောင်းချကြောင်း၊ ရာသီစာပဲတောင့်ရှည်များကို ဆီချက်၊ မြေပဲထောင်းဖြင့် သုပ်စားခြင်း၊ အသားမျိုး စုံဖြင့် ချက်စားခြင်း၊ ငပိရည်အတို့အမြှုပ်တို့ဖြင့်လည်းတွဲဖက်စားသုံးကြကြောင်း၊ဈေးကွက်၌ စားသုံးမှုများပြားပြီး ဝယ်လိုအားများပြား၍  အရောင်းအဝယ်ကောင်းကြောင်း ကုန်စိမ်းပွဲရုံများမှ သိရှိပါရသည်။

DOCA(မန္တ‌လေး)