Main menu

ထားဝယ်မြို့ရှိ ခရမ်းချဉ်သီးဈေးနှုန်း

Powered by Drupal

   စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးသည် ပူနွေးသောရာသီတုဥကို ကြိုက်နှစ် သက်သည့်အတွက် မြန်မာနိုင်ငံအထက်ပိုင်းတွင် အနှံ့အပြားစိုက်ပျိုးကြသလို အိမ်ရှင်မများအတွက် အလွန်အသုံးဝင်သည့် သီးနှံဖြစ်ပါသည်။ မြန်မာဟင်းအမျိုးမျိုးချက်ပြုတ်ရာတွင်လည်း အလွန်အသုံး ဝင်သည့် သီးနှံဖြစ်သည့်အတွက် ချတ်ပြုတ်၍ဖြစ်စေ၊ အစိမ်းလိုက်ဖြစ်စေ အလွယ်တကူ စားသုံးနိုင် သည့် သီးနှံဖြစ်ပါသည်။ ခရမ်းချဉ်သီးများကိုထားဝယ်မြို့ ကျေးရွာများရှိ ခြံမြေများနှင့် လယ်ယာမြေ များတွင် စီးပွားဖြစ် ဟင်းသီးဟင်းရွက်အဖြစ် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး ရန်ကုန်၊ မန္တလေးပွဲရုံ များမှ ကားလမ်းဖြင့်ဝင်ရောက်လျက်ရှိရာ ရောင်းချသူများအနေဖြင့် ထားဝယ်မြို့ရှိ ကမ်းနားပျံကျ စျေး၊ ညနေစျေးများတွင် သယ်ယူရောင်းချကြပြီး ယခုဒီဇင်ဘာလ ဒုတိယပတ်တွင် တစ်ပိဿာလျှင် ကျပ်(၆၀၀၀)ဈေးနှုန်းဖြင့် ရောင်းချကြကြောင်း စျေးသည်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)