Main menu

တနင်္သာရီတိုင်းဒေသကြီး၏ ထွက်ကုန်ဖြစ်သော ဝဥအကြမ်း၊ အခြောက် စျေးနှုန်း/စျေးကွက်

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီးသည် တောင်ကုန်း၊ တောင်တန်း၊ တောင်စွယ်များပေါများပြီး အဆိုပါ တောင်ကုန်း၊ တောင်တန်း၊ တောင်စွယ်များ၊ တောင်ကြားလွင်ပြင်များတွင် ဝဥများသည် သဘာဝ အလျောက်ပေါက်ရောက်ကြပြီး ယခုအခါ စီးပွားဖြစ်စိုက်ပျိုးကြရာ ဒေသအခေါ်(ပိန်းဥ)ဟူ၍ခေါ်ကြ သည်။ ဝဥများအား ဇူလိုင်လမှ အောက်တိုဘာလများကဲ့သို့ မိုးကောင်းသောအချိန်များတွင် တူးဖော် ရရှိပြီး ယခုနှစ် ဝဥပေါ်ချိန်တွင် တူးဖော်ရရှိသော ဝဥအကြမ်းများအား ထားဝယ်မြို့ပေါ်ရှိ အဝယ်ဒိုင် များမှတစ်ပိဿာလျှင် (၃၆၀၀) ကျပ်ဖြင့် ဝယ်ယူခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါဝဥ ကုန်ကြမ်းများ အား ရေး၊ မန္တ‌လေး၊ တရုတ်ဝယ်လက်ကုန်သည်များသို့တစ်ဆင့် ပြန်လည်ရောင်းချပြီး ၎င်းတို့မှ တစ်ဆင့် တရုတ်ပြည်သို့တင်‌ပို့ရောင်းချ၍ ဒေသတွင်းအလုပ်ရုံများဖြင့် ဝဥအကြမ်းများအား ရေဆေး သန့်စင်ကာ လှီးစက်ဖြင့်(Chip) ပြားများပြုလုပ်အခြောက်ခံပြီး အရည်အသွေးကောင်းမွန်သော ဝဥခြောက် များအား တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့ရောင်းချကြကြောင်း သိရပါသည်။ ယခုအခါ ဝဥအခြောက်များအား တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)