Main menu

မလှိုင်မြို့တွင် ဆန်ဈေးငြိမ်နေ

Powered by Drupal

          မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်ရှိ ဆန်ဈေးကွက်တွင် ဒီဇင်ဘာလဆန်း၌ ဆန်ဈေးများငြိမ်နေကြောင်း သိရသည်။ ဒေသတွင်း အရောင်းသွက်နေသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများမှာ ၂၄ပြည် တစ်အိတ်လျှင် ရွှေဘိုပေါ်ဆန်းမှာ ၁၈၅၀၀၀/-ကျပ်၊ ရန်ကုန်ပေါ်ဆန်းမှာ ၁၄၅၀၀၀/-ကျပ်၊ ရွှေဘိုပဒေသာမှာ ၁၃၀၀၀၀/-ကျပ်၊ မနောသုခဆန်များတွင် အဟောင်းမှာ (၈၀၀၀၀/- ၇၅၀၀၀/-) ကျပ်၊ အသစ်မှာ ၅၅၀၀၀/-ကျပ်၊ ရက်(၉၀)ဆန်များတွင် အဟောင်းမှာ (၇၀၀၀၀/- ၆၅၀၀၀/-)ကျပ်၊ အသစ်မှာ ၅၀၀၀၀/-ကျပ် ဈေးရှိပြီး ယခင်လဈေးများနည်းတူ ဈေးအတက်အကျမရှိ ဈေးငြိမ်နေကြောင်း၊ မလှိုင်မြို့နယ်ရှိ ဆန်ဆိုင်များအနေဖြင့် မိတ္ထီလာမြို့ပေါ်ရှိ ဆန်ပွဲရုံများမှာ ဝယ်ယူကာ မြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ လက်လီ ဝယ်ယူသူများသို့ ပြန်လည်ရောင်းချရကြောင်း ဆန်ဆိုင်များမှ သိရှိရပါသည်။

DOCA(ရန်ကုန်)