Main menu

မိတ္ထီလာ ကြက်သွန်ဖြူဈေးကွက်

Powered by Drupal

       မိတ္ထီလာခရိုင်တွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူကို ဒေသတွင်းမှထွက်ရှိမှုမရှိ၍ ရှမ်းပြည်နယ်၊ အောင်ပန်း၊ ဟဲဟိုးမှ တရုတ်ကြက်သွန်ဖြူ၊ ရှမ်းကြက်သွန်ဖြူ ဝင်ရောက်ပြီးအရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

      မိတ္ထီလာဈေးကွက်တွင် ဒီဇင်ဘာလဒုတိယပတ်တွင်  ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ ဈေးနှုန်းများမှာ တရုတ်ကြက်သွန်ဖြူ တစ်ပိဿာလျှင်(၁၂၀၀၀-၁၆၀၀၀)ကျပ်၊ ရှမ်းကြက်သွန်ဖြူသေး တစ်ပိဿာလျှင်(၂၀၀၀-၂၅၀၀)ကျပ်၊ ရှမ်းအလတ်တစ်ပိဿာလျှင်(၃၅၀၀-၄၀၀၀)ကျပ်၊ ရှမ်းအကြီး တစ်ပိဿာ လျှင်(၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် ကြက်သွန်ဖြူ ဈေးနှုန်းများတည်ငြိမ်နေကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မန္တ‌လေး)