
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၅.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ် အမှတ်(၃)ရပ်ကွက်၊ ညဈေးလမ်းရှိ Online စနစ်ဖြင့် ရောင်းချလျက်ရှိသော ဝတ်ရည် အလှကုန်၊ လူသုံးကုန်၊ အဝတ် အထည်နှင့် ဆက်စပ်ပစ္စည်းများ လက်လီ/လက္ကား အရောင်းဆိုင်သို့ အွန်လိုင်းမှတ်ပုံတင်ထားမှု ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် Online စနစ်ဖြင့်ရောင်းချနေသောအရောင်းဆိုင်တွင် မှတ်ပုံတင်လက် မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ လျှောက်လွှာ ပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း ရှိ/မရှိ ၊ မှတ်ပုံတင် လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့) ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချနေသော စာရင်း ကိုက်ညီမှု ရှိ/မရှိ တို့ကို စစ်ဆေး ခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှုရှိ/မရှိ ၊စားသုံးသူကာကွယ်ရေးဥပဒေပါ လူသုံးကုန်၊ အလှကုန်နှင့် ဆက်စပ်ပစ္စည်းများပေါ်တွင်ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှု တို့ကိုစိစစ်ခဲ့ပြီး၊ လုပ်ငန်းရှင် နှင်းဝတ်ရည်ဦး နှင့် တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်းအသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
