Main menu

ပေါက်ချောင်းဈေးရှိ ဂျူးမြစ်ဈေးနှုန်း

Powered by Drupal

         မိတ္ထီလာမြို့၊ ပေါက်ချောင်းဈေးရှိ ဟင်းသီးဟင်းရွက်ဈေးကွက်တွင် ဂျူးမြစ်အရောင်းအဝယ် ဖြစ်ကြောင်းသိရသည်။ ဂျူးမြစ်မှာဒေသတွင်းစိုက်ပျိုးဖြစ်ထွန်းမှုမရှိသည့်အတွက် ရှမ်းပြည်နယ်၊ အောင်ပန်း၊ တောင်ကြီးတို့မှဝင်ရောက်ပါသည်။ ဂျူးမြစ်ကို ဒေသတွင်းစားသုံးသူများက  အများအားဖြင့် အချဉ်ရည်ဟင်းချက်၍စားသုံးမှုများပြီး ဂျူးမြစ်ကိုပဲပုတ်၊ မြေပဲ၊ ငရုတ်သီးတို့ဖြင့်ထောင်း၍တစ်မျိုး၊ ပဲပုတ်နှင့်ရောကြော်၍တစ်သွယ်စားသုံးကြပါသည်။ ပေါက်ချောင်းဈေးတွင်ဂျူးမြစ်ဈေးမှာ လက်လီ၊ (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်းသိရသည်။ ဂျူးမြစ်ကို ဈေးကွက်အတွင်း ရာသီမရွေး ဝယ်ယူရရှိနိုင်သော်လည်း ဆောင်းရာသီတွင်ပေါပေါများများတွေ့ရလေ့ ရှိပါသည်။ မိတ္ထီလာမြို့ရှိ ပေါက်ချောင်းဈေးမှာ ကုန်စိမ်းသီးနှံများကို ဘဲကန်(၈နာရီ)ဈေးနှင့် မြို့မဈေးရှိ ဖြိုးဝေကုန်ဈေးတန်းမှဝယ်ယူကာ လက်လီရောင်းချသောဈေးဖြစ်ပါသည်။

DOCA(မန္တလေး)