
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊မအူပင်မြို့နယ် မင်္ဂလာဈေးအတွင်း စားအုန်းဆီ လက်လီအရောင်းဆိုင် (၁၂)ဆိုင်အား မအူပင်ခရိုင်မှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး စစ်ဆေးရေးမှူး နှင့်ဝန်ထမ်းများသည် ၅-၁၂-၂၀၂၅ ရက်နေ့ တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ၊ မအူပင်ခရိုင် စားအုန်းဆီလုပ်ငန်းရှင်များအသင်းဥက္ကဌ တို့နှင့်အတူ စားအုန်းဆီ လက်လီ အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ လက်လီအရောင်းဆိုင်များမှ မိမိတို့ရရှိသောခွဲတမ်းများကို စားသုံးသူပြည်သူလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိအောင် ဆီထုတ်ယူခွင့် စာအုပ် စနစ် ဖြင့် အိမ်ထောင်စု တစ်စုလျှင် (၁)ပိဿာနှုန်း ၅၀ ဖြင့် ရောင်းချ ပေးမှုကို စစ်ဆေးဆောင်ရွက်ခြင်း သတ်မှတ်ရည်ညွှန်း ဈေးနှုန်း ဖော်ပြရောင်းချမှုကို စစ်ဆေးခြင်း၊ ရည်ညွှန်းဈေးထက် ကျော်လွန်ရောင်းချမှု မရှိရန် လစဉ် စစ်ဆေးဆောင်ရွက်ခြင်း၊ ရောင်းချသော လက်လီဆိုင်များမှ သိုလှောင်ထား ရှိခြင်းလည်း မရှိပါကြောင်းနှင့် ြည်သူများကို နေ့စဉ်ရောင်းချရမည့် ပိဿာများအတိုင်း ပြည့်ဝမှန်ကန်စွာ ရောင်းချပေးလျက်ရှိကြောင်း တွေ့ရှိရပါသည်၊ နေ့စဉ် ရောင်းချမှုလက်ခံစာရင်းဇယားများလည်း စနစ်တကျထားရှိပါကြောင်း စစ်ဆေး တွေ့ရှိရပြီး ဆီရောင်းချသော ဆိုင်များမှ သတ်မှတ်ချက်များကို ဖောက်ဖျက်၍ ဝိသမလောဘဖြင့် ရည်ရွယ် ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပြီး ဈေးနှုန်းမြင့်တင်ရောင်းချပါက အရေးယူ ဆောင်ရွက်သွား မည် ဖြစ်ကြောင်းနှင့် ရောင်းချရမည့် ကျေးရွာများကိုလည်း စဉ်ဆက်မပြတ် ရောင်းချပေး နိုင်ပါရန် ဆွေးနွေး ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
