Main menu

ဓနုဖြူမြို့နယ်တွင် ထင်း/မီးသွေး အစားထိုး စပါးခွံလောင်စာတောင့် ထုတ်လုပ်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ထင်း/မီးသွေး အစားထိုး စပါးခွံလောင်စာတောင့်ထုတ်လုပ်ခြင်းကို ရန်ကုန်-ဟင်္သာတ ကားလမ်းဘေး၊ အမှတ် (၁၇)ရပ်ကွက် မိဘဂုဏ်ရည်ဆန်စက်၌ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

    လောင်စာတောင့်ထုတ်လုပ်မှုအနေဖြင့် တစ်နေ့လျှင် စပါးခွံလောင်စာတောင့် တစ်နေ့လျှင် ၁၅တန် ထုတ်လုပ်နိုင်ပြီး တစ်လလျှင် ရက် ၂၅ရက်ထုတ်လုပ်ပြီး လောင်စာတောင့် ၃၇၅ တန်ထုတ်လုပ်နိုင်ကြောင်း၊ ရန်ကုန်သို့ ၁လလျှင် တင်ပို့မှု တန် ၂၅၀ တင်ပို့ပြီး ၁၂၅ တန်ကို ဆန်စက်တွင် ပြန်လည်အသုံးပြုကြောင်း ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၃ရက်နေ့ ဈေးနှုန်းအနေဖြင့် လောင်စာတောင့် ၁တန်လျှင် ၂၃၀၀၀၀ကျပ်ဖြင့် ၂၀၂၄ခုနှစ် ရောင်းချဝေးနှုန်းဖြင့် နှိုင်း ယှဉ်ပါက ၃၀၀၀၀ကျပ် ဈေးပိုမို မြင့်တက်လာပြီး ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်း မိဘဂုဏ်ရည်ဆန်စက်ပိုင်ရှင်ထံမှ သိရသည်။

DOCA(ဧရာဝတီ)