Main menu

“ ကျောက်ဆည်မြို့ရှိ နွေမိုးဆောင်းဆေးဆိုင်အားကွင်းဆင်းစစ်ဆေး”

Powered by Drupal

    ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဒီဇင်ဘာလ (၂) ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွား‌ရောက်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ စျေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများအား လက်ကားစျေးအပေါ်တွင် ဒေသပေါက်စျေးထက် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ဆေးဝါးပစ္စည်းလက်ကျန်အနေအထားပေါ်မူတည်၍ ဆက်လက် ရောင်းချနိုင်မှုအခြေအနေ၊ဆေးဝါးပြတ်လပ်မှုအခြေအနေ နှင့် စျေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များအပေါ်တွင် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆေးဝါးမှတ်ပုံတင်အမှတ် မပါရှိသော ဆေးဝါးများ ၊ သက်တမ်းလွန်ဆေးဝါးများ နှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ၊ သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော သုံးစွဲရန်မသင့်သော ဆေးဝါးများရောင်းချမှု ရှိ/မရှိ ၊ သောက်ဆေးအမျိုးမျိုး ၊ လိမ်းဆေး အမျိုးမျိုးတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အချက်များဖြစ်သည့် ကုန်ပစ္စည်းအမျိုးအမည် ၊ အရွယ်အစား ၊ အရေအတွက် ၊ အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ ဘေးထွက်ဆိုးကျိုး ၊ ကြိုတင် သတိပေးချက်စသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များအား မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာ ဖော်ပြရန်လိုအပ်ကြောင်း ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာအချက်အလက်များ ပါဝင်မှုမရှိသော ကုန်ပစ္စည်းများ ရောင်းချပါက စားသုံးသူကာကွယ်ရေး ဥပ‌ဒေအရ အရေးယူခံရနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါ သည်။    

DOCA(မန္တလေး)