Main menu

“ သုံးခွမြို့နယ်အတွင်း အိမ်ဆောင်ပစ္စည်းအရောင်းဆိုင်များသို့ ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်း စစ်ဆေးခြင်း ”

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ အိမ်ဆောင်ပစ္စည်းရောင်းချသော ဆိုင်များတွင် ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် ဈေးနှုန်းကြီးမြင့်မှုရှိ/ မရှိ အခြေအနေများအား ဒီဇင်ဘာလ(၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကွင်းဆင်းစုံစမ်း စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ဈေးနှုန်းဈေးကွက်အခြေအနေများအား ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်ကျော်မှ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၉)ရပ်ကွက် အောင်ဇေယျလမ်းရှိ၊ ချမ်းသာ အိမ်ဆောက်ပစ္စည်းဆိုင်၊ ရွှေသရဖူ အိမ်ဆောက်ပစ္စည်းဆိုင်၊ သရဖူ အိမ်ဆောက်ပစ္စည်းဆိုင်၊ အမှတ်(၄)ရပ်ကွက်ရှိ ဦးအင်းရွှေနှင့်ညီမ ဒေါ်အေးကြည် အိမ်ဆောက်ပစ္စည်းဆိုင်များသို့ ဘိလပ် မြေများ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ ဝယ်ယူရောင်းချမှုအခြေအနေ၊ ဈေးနှုန်းဈေးကွက် အခြေအနေနှင့် ဖြန့်ဖြူးရောင်းချမှု အခြေအနေများအား ဈေးဆိုင်ပိုင်ရှင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ မေးမြန်းစစ်ဆေးခဲ့ပါသည်။

     ထို့နောက် လုပ်ငန်းရှင်များအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဘိလပ်မြေများ သိုလှောင်ထားခြင်းမပြုလုပ်ကြရန် ဈေးနှုန်းများ အဆမတန် မြှင့်တင်၍ရောင်းချခြင်း မပြုလုပ်ကြရန်နှင့် မှန်မှန်ကန်ကန် ရောင်းချပေးရန် အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)