
မြန်မာဆန်စပါးအွန်လိုင်း(My RO)ကိုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (My RO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို စာရင်း မှန်ကန်စွာ ထည့်သွင်းပေးနိုင်ရေးနှင့် သတ်မှတ်ပမာဏများအား သိုလှောင်ထားရှိသော ဆန်စပါး လုပ်ငန်းများ မှတ်ပုံတင်နိုင်ရေးတို့အား ညောင်ဦးခရိုင်တာဝန်ခံမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ My RO သိုလှောင်ရုံမှတ်ပုံတင်ပြီးလုပ်ငန်းရှင်များအနေဖြင့် လစဉ် ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန်များကို ဖြည့်သွင်းမှုအားနည်းနေသည့်အတွက် နာလိုက်နာမှုရှိစေရေး လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးမှု အား စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးမြို့နယ်တာဝန်ခံရုံးတွင်(၄.၁၂.၂၀၂၅)ရက်နေ့၊ နေ့လည် ၁၅:၀၀ နာရီအချိန်တွင် ပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးမှုတွင် ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က ရ/ထုတ်/ကျန် စာရင်းများရေး သွင်းခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်တို့ လက်တွေ့ပြသလုပ်ဆောင်ပေးခဲ့ပြီး ရေးသွင်းသည့်ကုန်စည် စာရင်းများနှင့် မြေပြင်စာရင်းများမှန်ကန်စွာရှိစေရေး၊ My RO Viber Group ကိုလည်းဖွဲ့၍ ဆောင်ရွက်ထားရှိပြီးဖြစ်ရာ အခက်အခဲများရှိပါက မေးမြန်းဆောင်ရွက်နိုင်ပါကြောင်း၊ ရောင်းဝယ်မှုပြု ရာတွင်လည်း သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချစေရေး အသိပေးဆွေးနွေးမှုများဆောင် ရွက်ခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)
