
ငါန်းဇွန်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သောမြို့နယ် တစ်မြို့ဖြစ်ပါ သည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲတီစိမ်း (မိုး)လျာထားဧက (၁၆၉၅)ဧက လျာထားခဲ့ပြီး စိုက်ပျိုးဧက (၁၉၇၇)ဧက စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းအနေဖြင့် (၁၀.၀၆)တင်း ထွက်ရှိပြီး အထွက်တင်းပေါင်း( ၁၉၈၈၉)တင်း ထွက်ရှိကြောင်း သိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ် ပဲတီစိမ်း(မိုး) လျာထားဧက (၁၆၉၅)ဧက လျာထားခဲ့ပြီး စိုက်ပျိုးမှု(၂၀၂၂)ဧက စိုက်ပျိုးထာပြီး ဒီဇင်ဘာလဆန်းထိ ရိတ်သိမ်း ပြီးစီးမှုအနေဖြင့် (၂၆၀)ဧက ပြီးစီး၍ အထွက်နှုန်းမှာ(၁၀.၁၀)တင်းနှင့် အထွက်နှုန်းပေါင်း (၂၆၂၆) တင်းထွက်ရှိကြောင်း သက်ဆိုင်ရာဌာနစာရင်းအရ သိရှိရသည်။ ငါန်းဇွန်မြို့နယ်သည် မိုးကောင်း ရေသောက် မြို့နယ်ဖြစ်သောကြောင့် စိုက်ပျိုးသောမျိုးများမှာ ရေဆင်း-၁၄နှင့် ရေဆင်း-၁၁ မျိုးကိုသာ အများဆုံးစိုက်ပျိုးကြောင်း သိရသည်။ ယခုနှစ် ပေါ်စချိန်တွင် ပဲတီစိမ်း တစ်ပိဿာ ဈေးနှုန်းမှာ (၅၅၀၀)ကျပ်ဖြင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရသည်။
DOCA(မန္တလေး)
