
မြန်မာဆန်စပါးအွန်လိုင်း(My RO)ကိုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆန်တန်ချိန် (၂၅)တန်နှင့်အထက် သိုမဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုး ပိုင်ဆိုင်သူ သည်(My RO)တွင် ဆန်သိုလှောင်ရုံမှတ်ပုံခြင်းလုပ်ငန်းဆောင်ရွက်စေနိုင်ရေးအတွက် အသိပညာပေး ခြင်း၊ ကွင်းဆင်းစိစစ်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရှိရာ (၁.၁၂.၂၀၂၅)ရက်နေ့၊ နေ့လည် ၁၃:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံနှင့်ဝန်ထမ်းများသည် ညောင်ဦးမြို့ အမှတ်(၄)နယ်မြေရှိ ဆန်ရောင်းဝယ်ရေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင် များအနေဖြင့် My RO နှင့်ပတ်သက်၍ ညွှန်ကြားချက်များကိုသိရှိလိုက်နာစေရေး အသိပညာပေးဆွေးနွေး၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)
