Main menu

မိတ္ထီလာပဲမျိုးစုံဈေးကွက်တွင် စားတော်ပဲ အရောင်းအဝယ်အေးလျက်ရှိ

Powered by Drupal

  မိတ္ထီလာမြို့နယ်၌ ပဲမျိုးစုံစိုက်ပျိုးကြသော်လည်း စားတော်ပဲကို ဒေသတွင်းစိုက်ပျိုးမှုမရှိ၍ ဈေးကွက်အတွင်းစားတော်ပဲများကို မန္တလေးမှအဝင်များပြီး  တစ်ပတ်လျှင် အိတ်(၃၀-၅၀)ဝင် ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

   ဈေးကွက်အတွင်း ယခု ဒီဇင်ဘာလပထမပတ်တွင် စားတော်ပဲတစ်ပြည်လျှင် (၈၅၀၀-၉၀၀၀) ကျပ်၊ စားတော်ပဲ တစ်အိတ်လျှင်(၁၇၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်ကာလ တူနှိုင်းယှဉ်လျှင် စားတော်ပဲဈေးမှာပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ စားတော်ပဲကို စားသောက်ဆိုင်များနှင့် ပဲပြုတ်ရောင်းချသူများမှဝယ်ယူကြပြီး ယခုလတွင်ပဲပြုတ်ရောင်းချသူများမှာ အရောင်းအဝယ်ပါး၍ ဈေးကွက်တွင်စားတော်ပဲ အရောင်းအဝယ်အေးလျက်ရှိကြောင်း ပဲမျိုးစုံ ဈေးကွက် မှသိရပါသည်။

DOCA(မန္တလေး)