Main menu

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ရောင်းချနေသော ဆေးဘဲဥဈေးနှုန်း

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့အတွင်းရှိ မီးဖိုချောင်သုံးသီးနှံများနှင့် ကြက်ဥ၊ ဘဲဥ၊ငုံးဥနှင့် ဆေးဘဲဥများကိုလည်း နေရာအနှံ့အပြားတွင် ရောင်းချကြပါသည်။ မြိတ်မြို့ဈေး ကွက်အတွင်း အပတ်စဥ်ဝင်ရောက်လျက်ရှိပြီး ဈေးကွက်အတွင်း ဒေသအတွင်းလက်လီ/လက် ကား ဝယ်ယူသူများ၊ မြို့နယ်မှတစ်ဆင့်ပြန်လည် ရောင်းချသူများဖြင့် ပုံမှန်ဝယ်ယူ‌ ရောင်းချနေကြောင်း သိရှိရပါသည်။ ယခုမြိတ်မြို့ပေါ်တွင် ဆေးဘဲဥများကို ရန်ကုန်မြို့မှတဆင့်ဝယ်ယူပြီး ဈေးကွက်တွင် ရောင်းချနေကြောင်း သိရှိရပါသည်။ ဆေးဘဲဥများသည် ရာသီမရွေးထွက်ရှိပြီး စားသုံးသူများ လည်းများပြားကြောင်း သိရှိရပါသည်။‌မြိတ်မြို့ပေါ်ရှိအသုပ်ဆိုင်များတွင် ဆေးဘဲဥသုပ်များကို အများ အပြားရောင်းချကြ၍ လူကြိုက်များလှကြောင်း သိရှိရပါသည်။

          ယခု၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလပထမပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ဆေးဘဲ ဥဈေးနှုန်းမှာ တစ်လုံးလျှင် (၇၅၀)ကျပ်ရှိကြောင်း ဆေးဘဲဥရောင်းချသူများထံမှ သိရှိရပါ သည်။

DOCA(တနင်္သာရီ)