
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂.၁၂.၂၀၂၅ ရက်နေ့ နံနက် (၉:၃၀) နာရီအချိန် တွင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြို့နယ်ကျန်းမာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များနှင့် အတူ အုတ်ဖိုမြို့နယ်အတွင်း ဆေးဝါးရောင်းချလျက်ရှိသော ဆေးဆိုင်များသို့ ဆေးဝါးများ ဈေးနှုန်း မြင့်တက်မှု့အခြေအနေများ ပြတ်လပ်မှုဖြစ်ပေါ်လျက်ရှိသော ဆေးဝါးအမည်စာရင်းများ တင်သွင်း ရောင်းချသော ကုမ္ပဏီအမည်များအား ကွင်းဆင်းစစ်ဆေးမှုဆောင်ရွက်ခဲ့ကြပါသည်။
မြို့မ(၁)လမ်းရှိ ငွေမိုးဆေးဆိုင်၏ ဖြေကြားချက်အရ Decolgen,Bioggsis ကဲ့သို့ဖျားနာ ပျောက်ဆေးများ လေဆေးအမျိုးအစားအချို့နှင့် Betex,neuromac ကဲ့သို့ အကြောတက်ပျောက် ဆေးများ ဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး ဆေးဝါးပြတ်လပ်မှုရှိပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
