
ဧရာ၀တီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့သည်၂၀၂၅ခုနှစ်၊ဒီဇင်ဘာလ(၃)ရက်နေ့၊မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင်ဒေးဒရဲမြို့ဒါးမသိမ်းကျေးရွာ အ-မ-ကကျောင်းတွင် ကျောင်းသား/ကျောင်းသူ(၇၀)ဦးအား စားသုံးသူကာကွယ်ရေး အသိ ပညာပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံက စားသုံးသူရေးရာ ဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူကာကွယ်ရေး ဥပဒေများ၊ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် ပြန်လည်ကုစားခွင့်များ၊ အသိပေး တိုင်ကြားနိုင်သည့် နည်းလမ်းများစသည့် အကြောင်းအရာများအား အကျယ်တဝင့် အသိပညာပေးပြောကြားခဲ့ကြောင်း
သတင်းရရှိပါသည်။
(Doca ဧရာဝတီ)
