Main menu

“နနွင်းစျေးနှုန်းတည်ငြိမ်”

Powered by Drupal

    ကျောက်ဆည်ခရိုင်တွင် ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၌ နနွင်းစိုက်ဧက(၉၉၃)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာနများ၏စာရင်းအရသိရှိရပါသည်။မကြာမှီအချိန်တွင် နနွင်းများစတင်ထွက်ရှိလာမည်ဖြစ်ရာ ယခုအချိန်တွင် နနွင်းစျေးနှုန်းများတည်ငြိမ်လျက်ရှိပါသည်။ ယခင်နှစ် နနွင်းဈေးနှုန်း များမှာ နနွင်းအခြောက် (၁)ပိဿာလျှင်(၁၀၀၀၀/-)ကျပ်ဖြင့်ရောင်းဝယ်ခဲ့ပြီး ယခုနှစ် ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ဒုတိယပတ်တွင် နနွင်းအခြောက်(၁)ပိဿာလျှင်(၈၅၀၀/-)၊ နနွင်းခေါင်း(၁)ပိဿာလျှင် (၈၀၀၀/-)ကျပ် ၊ နနွင်းမှုန့် (၁)ဗူးလျှင်(၂၅၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ မကြာမီ ထွက်ပေါ်တော့မည့် နနွင်းများမှာ အထွက်နှုန်းကောင်းမွန်လာမည် ၊ လမ်းပန်းဆက်သွယ်ရေး လည်းကောင်းမွန်လာမည် ဆိုပါက ယခင်နှစ်ထက်ဈေးနှုန်းမရှိသော်လည်း တောင်သူများအတွက် တွက်ချေကိုက်မည့်နှစ်ဖြစ်နိုင်သည်ဟု တောင်သူတစ်ဦး၏ ပြောကြား ချက်အရသိရှိရပါသည်။

DOCA(မန္တလေး)