
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက်ရှိသည့် မြေပဲယိုနှင့် နှမ်းယိုများကို ကန့်ဘလူမြို့နယ်မှထွက်ရှိသလို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့ကုန်စုံဆိုင်များတွင် ရောင်းချနေသော မြေပဲယိုဈေးနှုန်းမှာ အသင့်ထုတ်ပြီးအကြီး(၁)ထုပ်လျှင် (၁၅၀၀)ကျပ်၊ အသေး(၁)ထုပ်လျှင် (၄၇၀)ကျပ်ဖြင့်လည်းကောင်း၊ နှမ်းယိုအကြီး(၁)ထုပ်လျှင် (၁၅၀၀)ကျပ်နှင့် အသေး(၁)ထုပ်လျှင် (၄၆၀)ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိရာ နိုဝင်ဘာလ စတုတ္ထပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဒီဇင်ဘာလ ပထမပတ်အတွင်း မြေပဲယိုအကြီး(၁)ထုပ်လျှင် (၁၀၀)ကျပ်ဈေးနှုန်း ကျဆင်းလာကြောင်း လက်လီ/လက္ကားကုန်မျိုးစုံဆိုင်များမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
