Main menu

မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်သည့် သရေစာ နေကြာစေ့လှော်နှင့် ပဲကြီးလှော်

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ တွင်ရေဦးပေါက်ပေါက်ဆုပ်၊ ကြံသကာ၊ ဇီးထန်းလျက်၊ မြေပဲယို၊ မြေပဲဆားလှော်၊  ပဲကြီးလှော်နှင့် နေကြာစေ့လှော်များကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း၊ လူကြီး၊ လူငယ်မရွေး ပဲကြီးလှော်နှင့် နေကြာစေ့လှော်ကို  သရေစာအဖြစ် စားသုံးကြကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင်  သရေစာနေကြာစေ့လှော် လက္ကားတစ်ပြည်လျှင် (၈၅၀၀)ကျပ်၊ လက်လီတစ်ပြည်လျှင် (၈၈၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင် (၄၄၀၀)ကျပ်နှင့် နို့ဆီဘူး(၁)ဘူးလျှင် (၁၁၀၀)ကျပ်၊ ပဲကြီးလှော်(၁)ပြည်လျှင်  (၈၅၀၀)ကျပ်၊ နို့ဆီဘူး(၁)ဘူးလျှင် (၁၁၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ နိုဝင်ဘာလ စတုတ္ထပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဒီဇင်ဘာလ ပထမပတ်အတွင်း နေကြာစေ့(၁)ပြည်လျှင် (၂၀၀) ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း  ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)