Main menu

မြို့မဈေးတွင်အရောင်းအဝယ်ဖြစ်နေသည့် ဂေါ်ရခါးသီး၊ ခရမ်းသီးနှင့် ခဝဲသီး

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများနှင့် နေ့စဉ်စည်ကားလျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် ဒေသထွက်သီးနှံများအပြင် အခြားတိုင်းဒေသကြီးမှ ထွက်ရှိသော ဂေါ်ရခါးသီး၊ ခရမ်းသီးနှင့် ခဝဲသီးတို့ကို မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း အရောင်းအဝယ်ဖြစ်နေသော ဂေါ်ရခါးသီးဈေးနှုန်းများမှာ  အလုံးကြီး(၁)လုံးလျှင် (၇၀၀)ကျပ်၊  အသေး(၁)လုံးလျှင် (၆၀၀)ကျပ်၊ ခရမ်းသီး(၁) ပိဿာလျှင်(၃၈၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်နှင့် ခဝဲသီး(၁)ပိဿာလျှင် (၃၂၀၀)ကျပ် နှင့်(၁)တောင့်လျှင် (၅၀၀မှ ၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ၊ နိုဝင်ဘာလ စတုတ္ထပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဒီဇင်ဘာပထမပတ်အတွင်း ခရမ်းသီး(၁)ပိဿာလျှင် (၃၀၀)ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း၊ ဂေါ်ရခါးသီး၊ ခရမ်းသီးနှင့် ခဝဲသီးများကို ထမင်းဆိုင်များ၊ စားသောက်ဆိုင်များက ဝယ်ယူအသုံးပြုလျက်ရှိကြောင်း၊ ကုန်စိမ်းသီးနှံမျိုးစုံရောင်းချသည့်လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)