Main menu

မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်သည့် သရေစာ နို့မလိုင်လုံးနှင့် အုန်းမှန်ကူ

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင် သရေစာစားစရာများဖြစ်သည့် ကြံသကာ၊ ဇီးတော်ဖီ၊ မြေပဲယို၊ နှမ်းယို၊ ဖရုံယို၊ ကုလားပဲချောင်း၊ အုန်းယိုနှင့် မလိုင်လုံးများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချသည့်အပြင် ဒေသထွက်များလည်း ရောင်းချလျက်ရှိကြောင်း၊ သရေစာမလိုင်လုံကို ဧည့်သည်များကို တည့်ခင်းဧည့်ခံရာ၌လည်းကောင်း၊ အချိုတည်းစရာအဖြစ်လည်းကောင်း ဝယ်ယူအသုံးပြုလျက်ရှိကြောင်း  သိရသည်။

       ၂၀၂ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း မလိုင်လုံး လက်လီတစ်ပိဿာလျှင် (၉၇၀၀၀) ကျပ်၊ လက္ကားတစ်ပိဿာလျှင် (၉၂၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း၊ အုန်းမှန်ကူတစ်ထုပ်လျှင် (၄၆၀)ကျပ်၊ (၂၀၀)ပါတစ်ဖာလျှင် (၉၀၀၀၀)ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိရာ ယခင်နိုဝင်ဘာလ စတုတ္ထပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဒီဇင်ဘာလ ပထမပတ်အတွင်း မလိုင်လုံး(၁)ပိဿာလျှင် (၃၀၀)ကျပ်ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)