Main menu

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ အာလူးဈေးနှုန်းမြင့်တက်

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ အာလူးကို မကွေး၊ မင်းဘူး၊ တောင်တွင်းကြီး၊ သရက်မြို့တို့အပြင် ရှမ်းပြည်နယ်၊ အောင်ပန်း၊ တောင်ကြီးမြို့တို့မှ မှာယူ ရောင်းချကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် အာလူး()ပိဿာလျှင် ကျပ်(၇၀၀၀-၇၅၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်(ပထမပတ်)တွင် ကျပ်(၇၀၀၀-၇၂၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါ က ကျပ်(၃၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ ယခုအချိန်တွင် ဇေယျာသီရိဈေးအတွင်း ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ တောင်ကြီုးမြို့တို့မှထွက်ရှိသည့် အာလူးများသာ ဝင်ရောက်မူများပြီး သယ်ယူစရိတ်မှာလည်း မြင့်တက်သောကြောင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

DOCA(မကွေး)