
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ကြက်သွန်နီကို မြို့ပတ်ဝန်းကျင်ရှိ ရွာတော်၊ ပန်းတော်ပြင်၊ ဥယျာဉ်၊ ညောင်ပင်သာ၊ ရွာသစ်၊ ထန်းကိုင်း၊ ဂျင်ရဲမြောင်၊ ကုန်းကြီး စသည့်ကျေးရွာများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၂၀၀၀-၂၂၀၀)ဖြင့် ရောင်းချလျက်ရှိပြီး (ပထမပတ်)တွင် ကျပ်(၂၃၀၀-၂၅၀၀)ဖြင့်ရောင်းချခဲ့ရာ ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၃၀၀)ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။ မင်းလှမြို့နယ်အတွင်းရှိ ဒေသတွင်းကြက်သွန်နီ စိုက်ခင်းတချို့၌ ကြက်သွန်နီအသစ်များ စတင် ထွက်ရှိလာသည့်အတွက် ဈေးနှုန်းလျော့ကျလာခြင်းဖြစ်ကြောင်း သိရှိရသည်။
DOCA(မကွေး)
