
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့တွင် အစားအသောက်ရောင်းချသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဈေးကွက်စစ်ဆေးခြင်းကို ၁-၁၂-၂၀၂၅ နံနက်ပိုင်းမှ လစဉ် ကွင်းဆင်းစစ်ဆေးခဲ့လုပ်ငန်းကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာမှ အထက်ဌာန လမ်းညွှန်ချက်များအတိုင်း လစဉ် ဝန်ဆောင်မှုလုပ်ငန်းများကို စစ်ဆေးကြရာ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေး၊ အစားအသောက် ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းစွာရှိရေး၊ အစားအသောက်ကိုင်တွယ် ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းရေး၊ ပေးအပ်သည့် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက် အလက်များကို ကြိုတင်အသိပေးဖော်ပြပေးနိုင်ရေး၊ ရောင်းချသည့်စားသောက်ဖွယ်ရာများ၏ အမျိုးအစား အရွယ်အလိုက် ဈေးနှုန်းများ ပွင့်လင်းမြင်သာစွာ ရောင်းချပေးနိုင်ရေး၊ အချိန်နှင့်တပြေညီ စားသုံးသူ စိတ်ကျေနပ်စွာ ဝယ်ယူသုံးစွဲခွင့် နှင့် အခွန်ဆောင် ငွေရပါက ကိုတင်အသိပေး သတင်းအချက် အလက်ဖြန့် ဝေထားနိုင်ရေး၊ ချက်ပြုတ်ရာနေရာများ သန့်ရှင့်သပ်ရပ်စွာကိုင်ကွယ်ရေး စသည့်အချက်များကို ကွင်းဆင်းစစ်ဆေး ခဲ့ခြင်း ဖြစ်ကြောင်းသိရပြီး စားသောက်ဆိုင်များမှ သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရောင်းချခြင်းမရှိပါက စားသုံးသူရေးရာဦးစီးဌာန စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဓနုဖြူမြို့နယ် စားသောက်ဆိုင်လုပ်ငန်းရှငါအသင်းတစ်ခု ဖွဲ့စည်းပေါ်ပေါက်နိုင်ရေးကို မှာကြားပြောကြား ဆွေးနွေးခဲ့ကြောင်းသိရပါသည်။
အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့်အတူ ဈေးကွက် စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Doca (ဧရာဝတီ)
