
မန္တလေးမြို့တွင်းသို့ အောင်ပန်း ၊ ကလောနှင့်ရွာငံဘက်များမှ အာလူးများဝင်ရောက်လျက်ရှိပြီး ဝင်ရောက်လာသည့် အာလူးများအနေနှင့် မန္တလေးမြို့တွင်းရှိ ပွဲရုံများမှ တိုက်ရိုက်ဝယ်ယူကြပါသည်။ မန္တလေးမြို့တွင်းမှ စားသောက်ကုန်ထုတ်ရောင်းချသူများနှင့် လက်လီရောင်းဝယ်သူများမှ ဝယ်ယူ ရောင်းချကြပါသည်။ ယခုလက်တလော မန်းမြို့တွင်းဈေးနှုန်းဈေးကွက်အနေနှင့် လုံးကြီး ၅ ပိဿာ လျှင် ၂၇၀၀၀ ကျပ်မှ 27500 ကျပ် ၊ လုံသေး ၅ ပိဿာ ၂၂၀၀၀ ကျပ် မှ ၂၂၅၀၀ ကျပ်နှင့် ရောင်းဝယ်မှုရှိပြီး လက်လီရောင်းဝယ်သူများအနေနှင့် အာလူးလုံးကြီး ၁ ပိဿာလျှင် ၈၀၀၀ ကျပ် ၊ လုံးသေး ၁ ပိဿာလျှင် ၆၅၀၀ ကျပ်များနှင့် ရောင်းဝယ်မှုရှိပြီး ဝင်ရောက်လာသည့် အာလူးများအနေနှင့် မန္တလေးမြို့နှင့် အနီးဝန်းကျင်ရှိ မြို့များသို့ ကုန်စည်စီးမှုရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
