Main menu

အညာခရမ်းချဉ်သီးဈေးကွက်

Powered by Drupal

    ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက်အတွင်းသို့ ဗမာခရမ်းချဉ်သီး(ခေါ်)  ကိုင်းခရမ်းချဉ်သီးများ ဝင်ရောက်လျက်ရှိပါသည်၊၊ ဗမာခရမ်းချဉ်သီးများကို ကျောက်ဆည်၊ အမရပူရ၊ ပုသိမ်ကြီးနှင့် မတ္တရာနယ်များမှ ဝင်ရောက်လျက်ရှိပြီး ယခုရက်ပိုင်းအတွင်း ဝင်ရောက်သည့် ပစ္စည်းများအနေနှင့် အလုံးအရွယ်ကြီးပြီး အရည်အသွေးလည်းကောင်းမွန်သည့်အတွက် စားသုံးသူများကြိုက်နှစ်သက်မှုရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေနှင့် ၁ ပိဿာလျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ဈေးနှုန်းများနှင့် ရောင်းဝယ်မှုရှိပြီး ယခင်နှစ်ကထက်စာလျှင်  ခရမ်းချဉ်သီးဈေးမြင့်တက်မှုရှိပြီး ယခင်နှစ်က နိုဝင်ဘာလ နောက်ဆုံးအပတ်အတွင်း ခရမ်းချဉ်သီး (ဗမာသီး )၁ ပိဿာလျှင် ၇၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်သာရှိသဖြင့် ယခင်နှစ်တွင် ၁ ပိဿာ ၂၀၀၀ ကျပ် ဝန်းကျင်ဈေးမြင့်တက်မှုရှိကြောင်းနှင့် ပစ္စည်းအဝင်လည်းနည်းပါးကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)