
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ စစ်ဆေးရေးအရာရှိ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်း များသည် ဦးစားပေး ကုန်စည်(၁၀)မျိုးမှ အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြီးပြည့်စုံပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ (၂.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀) အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းရှိ မုန့်ဈေးတန်းရောင်းချသည့်ဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ထိုသို့ စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချနေသည့် လုပ်ငန်းရှင်များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြထားရှိသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် သက်တမ်းလွန် ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ အသုပ်မျိုးစုံ ရောင်းချရာတွင် သန့်ရှင်းမှုရှိရန်၊ ငရုပ်ချဉ်အနှစ်များ ပြုလုပ်ရာတွင် ခွင့်မပြုဆိုးဆေးများ မသုံးစွဲရန်နှင့် ငရုပ်သီးမှ မှိုဆိပ်ပါနိုင်၍ သတိပြုရောင်းချစေလို ကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
