
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် မိမိပိုင် အိမ်ခြံဝင်းများနှင့် ယာကွက်များတွင် ကျွဲကောပင်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိ ကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်းဖြစ်ပေါ်သည့် စျေးနှုန်းများမှာကျွဲကောသီး ၁ လုံး လျှင် အလုံး(ကြီး) ၃၀၀၀ ကျပ်နှင့် ၃၅၀၀ကျပ်၊ အလုံး(သေး) ၂၅၀၀ ကျပ်နှင့် ၂၇၀၀ ကျပ်စျေးတို့ ဖြင့် အလုံးအရွယ်အစားအပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။ သစ်သီးမျိုးစုံစျေး ကွက်အတွင်းမော်လမြိုင်ကျွဲကောသီးမှာအရည်ရွှမ်းကာ အချဉ်ဓါတ်လျော့နည်းသည့်အတွက်စားသုံး သူများကြိုက်နှစ်သက်ကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
