
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက် ရှိရာ ယခုအခါ ရှမ်းနံနံ(ခေါ်) သင်္ဘောနံနံပင်များ ကို နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။ ထားဝယ်မြို့မဈေးတွင် ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ ပူစီနံနံရွက် နှင့် ရှမ်းနံနံ (ခေါ်) သင်္ဘောနံနံများကို ထားဝယ်မြို့ပေါ်နှင့် အနီးနားရှိကျေးရွာများတွင်လည်းကောင်း ဝယ်ယူ ရောင်းချလျက်ရှိကြောင်း ပူစီနံနံရွက်နှင့် ရှမ်းနံနံ(ခေါ်)သင်္ဘောနံနံများကို အစည်းလေးများ စည်း၍ ရောင်းချရာ (၁)စည်းလျှင် (၃၅၀)ကျပ်၊ (၃)စည်းလျှင်(၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိလျက်ရှိပါ သည်။
DOCA(တနင်္သာရီ)
