Main menu

ဘားအံမြို့ဒေသထွက် သခွားသီးဈေးနှုန်းအခြေအနေ

Powered by Drupal

  ၂၀၂၅ ခုနှစ်၊ ဆောင်းရာသီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့အနီးနားတစ်ဝိုက်ကျေးရွာများမှ ဒေသထွက်ဆောင်းသခွားသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

          ဒေသခံတောင်သူများသည် ဆောင်းသခွားသီးကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြပါသည်။ တောင်သူများသည် မိမိတို့၏စိုက်ခင်းထွက်သီးနှံများကို ဘားအံ မြို့ပေါ်ဈေးများတွင် လာရောက်ရောင်းချကြသည်။ ဆောင်းသခွားသီးဈေးနှုန်းများမှာ လက်ကား ဈေးနှုန်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၃၅၀၀၊၅၀၀၀) ကျပ် တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ကရင်)