
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာဒုတိယပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့အနီးတဝိုက်ကျေးရွာများမှ ဒေသထွက် ကင်ပွန်းချဉ်ရွက်နှင့်ဆူးပုပ်ရွက်များ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။
ကင်ပွန်းချဉ်ရွက်နှင့်ဆူးပုပ်ရွက်များကို ဘားအံမြို့အနီးတဝိုက်ကျေးရွာများမှ တောင်သူများက တနိုင်တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ ကင်ပွန်းချဉ်ရွက်နှင့်ဆူးပုပ်ရွက် ကို မိမိတို့လိုသလို ချက်ပြုတ်စားသောက်ရသည့် မြန်မာအစားအစာ တစ်မျိုးဖြစ်သည်။ ကင်ပွန်းချဉ်ရွက်နှင့် ဆူးပုပ်ရွက်ကို စားသုံးခြင်းသည် လူတို့၏ကျန်းမာရေးကို ကောင်းစွာအထောက်အကူ ပြုပေးနိုင်ပါ သည်။ကင်ပွန်းချဉ်ရွက်နှင့်ဆူးပုပ်ရွက်များ၏ဈေးနှုန်းများမှာ ကင်ပွန်းချဉ်ရွက် တစ်စည်းလျှင်(၁၀၀၀) ကျပ်နှင့် ကင်ပွန်းချဉ်ရွက်(၃)စည်းလျှင် (၂၅၀၀)ကျပ်၊ ဆူးပုပ်ရွက် တစ်စည်းလျှင် (၈၀၀)ကျပ်နှင့် ချဉ်ပေါင်ရွက်(၅) တစ်စည်းလျှင် (၃၅၀၀)ကျပ်နှုန်း တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဘားအံမြို့ရေပေါ်ဈေးတွင် ဟင်းသီးဟင်းရွက်အရောင်းဆိုင်မှ သိရသည်။
DOCA(ကရင်)
