
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် ဒေသထွက် ဆောင်းသခွားများ စတင်ထွက်ရှိ၍ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။
သခွားသီးတွင် မိုးသခွားသီးနှင့်ဆောင်းသခွားသီးဟူ၍(၂)မျိုးရှိသည်။ ဆောင်းသခွားသီးကို အောက်တိုဘာလနှင့်နိုဝင်ဘာလများတွင် စိုက်ပျိုး၍ ဒီဇင်ဘာလနှင့်ဇန်နဝါရီလဆန်းတွင် ထွက်ရှိ၍ ဈေးကွက်အတွင်း လက်ကား/လက်လီး ဖြန့်ဖြူးရောင်းချသည်။ ဆောင်းသခွားသီးဈေးနှုန်းများမှာ လက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၃၅၀၀) ကျပ်နှင့်လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၅၀၀၀) ကျပ် နှုန်းတို့ဖြင့် ရောင်းချကြသည်။ ယခုနှစ်တွင် နယ်မြေဒေသ လမ်းပန်းဆက်သွယ်ရေး အခြေအနေများ ကြောင့် တစ်ဖက်ထိုင်နိုင်ငံမှ သခွားသီးဝင်ရောက်မှုမရှိသောကြောင့် ဒေသထွက်သခွားသီးများ ဈေးကောင်းရ၍ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။
DOCA(ကရင်)
