
ပွင့်လင်းရာသီ ဒီဇင်ဘာလတွင် ကရင်ပြည်နယ် ဘားအံမြို့ဒေသထွက် ကြက်ဟင်းခါးသီးများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ဘားအံမြို့ဈေးကွက်အတွင်း ကြက်ဟင်းခါးသီး ဈေးနှုန်းအနေဖြင့် ယခင်လက ကြက်ဟင်းခါးသီးအထောင့်ရှည် ဈေးနှုန်း တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အထောင့်သေး တစ်ပိဿာလျှင်(၃၅၀၀) ကျပ်ဖြင့် လည်းကောင်း ယခုအခါတွင် ကြက်ဟင်းခါးသီးအတောင့်ရှည် ဈေးနှုန်း တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အတောင့်သေး တစ်ပိဿာလျှင်(၄၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော နိုဝင်ဘာလနှင့်ဒီဇင်ဘာလ ပထမအပတ် ဈေးနှုန်းနှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင်း ကြက်ဟင်းခါးသီး ဈေးနှုန်းအနည်းတက်နေသည်ကို တွေ့ရှိရပြီး ယခုလို ကြက်ဟင်းခါးသီး ဈေးနှုန်းအနည်းငယ်တက်နေရခြင်းမှာ စိုက်ခင်းကုန်ကျစရိတ်များခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
DOCA(ကရင်)
