Main menu

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ လူကြိုက်များသောငပိဈေးနှုန်း

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ငပိကို အဓိကထားလုပ်ကိုင်လျက် ရှိပါသည်။ ငပိကို ‌ဒေသထွက် ပုစွန်၊ဂွေး၊ငါး စသည့်တို့မှာ အဓိကရရှိပြီး ရေထွက်ကုန်ပစ္စည်းတစ် မျိုးလည်း ဖြစ်ပါသည်။ ဟင်းချက်ရာတွင် ဟင်းမျိုးခတ်အဖြစ် ထည့်သုံးကြသည့်အပြင် တို့စရာ ငပိထောင်းအဖြစ်လည်း သုံးစွဲကြပါသည်။ မြိတ်ဒေသထွက်ငပိသည် မြန်မာနိုင်ငံ အမြို့မြို့အနယ် နယ်သို့ တင်ပို့လျက်ရှိပြီး လူကြိုက်များသောကြောင့် ဈေးကောင်းရရှိကြောင်းလည်း သိရှိရပါ သည်။ ငပိအမျိုးအစားအမျိုးမျိုးနှင့် အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုများလည်း ရှိ ကြောင်းသိရှိရပါသည်။ မြိတ်ဒေသထွက်ငပိကို ထားဝယ်မြို့က ပိုမိုဝယ်ယူကြကြောင်းလည်း သိရှိ ရပါသည်။

          ယခု၂၀၂၅ခုနှစ်ဒီဇင်ဘာလပထမပတ်တွင် မြိတ်မြို့ပေါ်ရှိငပိဈေးနှုန်းမှာ (၈၀၀၀)ကျပ်မှ (၉၀၀၀)ကျပ်ရှိကြောင်းလည်း သိရှိရပါသည်။

DOCA(တနင်္သာရီ)