
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦး တို့သည် (၁၇.၁၁.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁း၀၀) အချိန်ခန့်တွင် ဝန်ဆောင်မှုကဏ္ဍ (၃)ရပ်နှင့် စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရမည့် ဆက်သွယ်ရေးဝန်ဆောင်မှု၊ (အင်တာနက်) ဝန်ဆောင်မှု နှင့်ပတ်သက်၍ စားသုံးသူများနစ်နာမှုမရှိစေရေးအတွက် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ ZETTNE X -NET internet လုပ်ငန်းရှင်တို့အား သိသင့်သိထိုက်သည့် အချက်အလက်များအား အသိပညာ ပေးဆောင်ရွက်ခဲ့ ကြောင်းသိရှိရပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဌာနခွဲတာဝန်ခံမှ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားထားသည့် အချက် (၁၁) ချက် အပေါ်အခြေခံ၍ စစ်ဆေးခဲ့ရာ အဆိုပါလုပ်ငန်းသည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၃)ရှိ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးရသည့် လုပ်ငန်းဖြစ်ကြောင်း မည်သည့်လုပ်ငန်းရှင်မဆို စားသုံးသူပေါ် ဝန်ဆောင်မှုပေးခြင်းနှင့် ပတ်သက်သည့်အချက်(၅)ချက်အား ရှင်းလင်းအသိပညာပေးပြောကြားခဲ့ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာရမည့် တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ ကြောင်း သတင်းရရှိရပါသည်။
DOCA(စစ်ကိုင်း)
