
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀.၁၁.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဒေါ်ကြည်ကြည်ထွန်းနှင့် အကြီးတန်းစာရေး ဒေါ်ဝါဝါအောင်တို့သည် ညောင်လေးပင် မြို့ပေါ်ရှိ ဆေးဆိုင်များအား မိတ်ဖက်အဖွဲ့များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါ သည်။
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဒေါ်ကြည် ကြည်ထွန်းနှင့် အကြီးတန်းစာရေး ဒေါ်ဝါဝါအောင်တို့သည် မိတ်ဖက်ဌာနများဖြစ်ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ မွေးမြူရေးဦးစီးဌာနတို့နှင့်အတူ ညောင်လေးပင်မြို့ပေါ်ရှိ လက်လီ၊ လက်ကား ဆေးအရောင်းဆိုင် များတွင် ဆေးဝါးများ ပြတ်လပ်မှု ရှိ/ မရှိ၊ ဆေးဝါးများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/ မရှိ၊ သက်တမ်းကုန်ဆုံးသော ဆေးဝါးများ ရောင်းချခြင်း ရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ညောင်လေးပင်မြို့ပေါ်ရှိ လက်လီ၊ လက်ကား ဆေးအရောင်းဆိုင်များအားလုံး အထက်ပါစည်းကမ်းများအား လိုက်နာမှုရှိကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
