Main menu

ဒိုက်ဦးမြို့နယ်ဆေးဝါးကြီးကြပ်ရေးအဖွဲ့မှ ဒိုက်ဦးမြို့ပေါ်ရှိ လက်လီ၊ လက်ကား ဆေးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀.၁၁.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ ဦးဆောင်၍ ဒိုက်ဦးမြို့ပေါ်ရှိ ဆေးဆိုင် များအား မိတ်ဖက်အဖွဲ့များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုး နှင့် အငယ်တန်းစာရေး ဦးခွန်ကျော်ဝင်းထွန်းတို့သည် ဒိုက်ဦးမြို့နယ်ဆေးဝါးကြီးကြပ်ရေးအဖွဲ့များ ဖြစ်သော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ မွေးမြူရေးဦးစီးဌာနတို့နှင့်အတူ ဒိုက်ဦးမြို့ပေါ်ရှိ လက်လီ၊ လက်ကားဆေးအရောင်းဆိုင်များအား လိုင်စင်သက်တမ်းတိုးပေးခြင်း၊ Myanmar Registration မပါရှိသော ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ကုန်အညွှန်းအမှတ်အသား များပါရှိသော ဆေးဝါးများကိုသာ ရောင်းချရန်တို့ကို ပူးပေါင်းကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ပဲခူး)