
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀.၁၁.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစား အသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ ဦးဆောင်၍ ညောင်လေးပင်မြို့ပေါ်ရှိ ဆေးဆိုင်များအား မိတ်ဖက်အဖွဲ့များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဒေါ်ကြည် ကြည်ထွန်းနှင့် အကြီးတန်းစာရေး ဒေါ်ဝါဝါအောင်တို့သည် ညောင်လေးပင်မြို့နယ်ဆေးဝါးကြီးကြပ် ရေးအဖွဲ့များဖြစ်သော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ မွေးမြူရေးဦးစီးဌာနတို့ နှင့်အတူ ညောင်လေးပင်မြို့ပေါ်ရှိ “ ဝင်း ” အထူးကုဆေးခန်း၊ “ ရွှေရည်လင်း ” အထူးကုဆေးခန်း တို့တွင် ဆေးဝါးများကို စည်းစနစ်ကျနစွာ ထားရှိရန်၊ အအေးခန်းတွင် ထားရှိရမည့် ဆေးများအား သတ်မှတ်ဒီဂရီတွင် ထားရှိရန်၊ ဆေးရောင်းချသော ဝန်ထမ်းများအနေဖြင့် ဆေးပေးမှားမှု မရှိစေရေး အတွက် အထူးဂရုစိုက်ရန်၊ သက်တမ်းကုန်ဆုံးသော ဆေးဝါးများ ရောင်းချခြင်း မပြုရန်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
