Main menu

နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ဝက်ပုတ်မူလတန်းကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြော

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး (အနောက်) နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ဝက်ပုတ်မူလတန်းကျောင်းတွင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက်နေ့ နေ့လယ် (၁:၀၀)နာရီ ၌သဲကုန်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံနှင့်  ဝန်ထမ်းများက စားသုံးသူ အသိပညာပေး ဟောပြောခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် သဲကုန်းမြို့နယ်တာဝန်ခံ ဦးထင်ဇော်ထွန်း ဒု-ဦးစီးမှူးက စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေး (၈)ချက်နှင့်  အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား အကြောင်း အစားအသောက်များ ဝယ်ယူစားသောက်ရာတွင် ရွေးချယ်ဝယ်ယူ စားသောက်တက် စေရန် အသိပညာပေးဟောပြော ဆွေးနွေးခဲ့ရာ ဆရာ/ဆရာမနှင့်  ကျောင်းသား/ကျောင်းသူ (၄၀)ဦးတက် ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ပဲခူး)