
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် မင်းရပ်၊ရပ်ကွက်ရ(၁)လမ်း စားအုန်းဆီရောင်းဝယ်ရေးလုပ်ငန်းရှင်ဦးမြင့်အေးနှင့် (၂၆.၁၁.၂၀၂၅) ရက်နေ့ ၊ နံနက် (၁၀:၀၀ ) နာရီအချိန်တွင်၊ ခရိုင်ဦးစီးမှူး ဦးနိုင်လင်းထွန်း နှင့် လက်ပံတန်း မြို့နယ် တာဝန်ခံ ဦးကျော်မျိုးထွန်းတို့ မှ တွေ့ဆုံ ၍ စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များဖြစ်သည့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင် မှု့၏အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက် များပေးခြင်း၊ စားသုံး သူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွား ရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း၊ ဥပဒေအခန်း (၁၁) ပါ ကုန်စည်နှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူက လက်ခံသုံးစွဲနိုင်သော အရည် အသွေးရှိခြင်း ကုန်စည်၏အရည်အသွေး အချိန်အတွယ်ပမာဏနှင့်အလေးချိန် မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူ၏လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်းများကို အထူး အလေးထားဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။
DOCA(ပဲခူး)
