
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်ရှိ ဆန်စပါးကုန်သည်အသင်း ဥက္ကဌနှင့်တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် ဆန်စပါးကုန်သည်အသင်းဥက္ကဌ ဦးအောင်ဇော်လတ်က မြန်အောင်မြို့နယ် ဆန်စပါးကုန်သည်အသင်းအနေဖြင့် ဆန်စပါးအရည်အသွေးကောင်းမွန်ရေး၊ သယ်ယူပို့ဆောင်ရာတွင် လွယ်ကူချောမွေ့စေရေး၊ ဈေးနှုန်းများတည်ငြိမ်ရေးတို့အတွက် ထိန်းညှိဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများထံမှ အရည်အသွေးပြည့်ဝသော ဆန်စပါးများအား နိုင်ငံတော်မှ သတ်မှတ်ထားသော ဆန်စပါးရည်ညွှန်းဈေးများအတိုင်း ရောင်းဝယ်ဖောက်ကားနိုင်ရေး အသင်းအနေဖြင့် ထိန်းညှိဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ စပါး/ဆန်များသယ်ယူရာတွင်လည်း လွယ်ကူချောမွေ့စေရန်အတွက် ဆန်စပါးကုန်သည်အချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
