
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များတွင် ဆေးဝါးများ စျေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိရေးနှင့် ပြတ်လပ်မှုမရ ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ယနေ့မွန်းလွဲ (၁၄)နာရီက မြို့ပေါ်ရပ်ကွက်များနှင့် မြို့မစျေးရှိ ဆေးဝါးအရောင်းဆိုင်များအား သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များဖြစ်သည့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် ကျန်းမာရေးဦးစီး ဌာနတို့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်နှင့် စျေးများတွင် ရောင်းချလျက်ရှိသော ဆေးဝါးအရောင်းဆိုင် (၆)ဆိုင်တွင် ဆေးဝါးများ စျေးနှုန်းကြီးမြင့်စွာ ရောင်းချမှုမရှိစေရေးနှင့် ဆေးဝါးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရှိရပါသည်။
DOCA(ဧရာဝတီ)
