
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် အုတ်တွင်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်း ဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေး Talk Showကို ၂၇.၁၁.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးရာတွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ဆန်စပါးသိုလှောင်ရုံ ပိုင်ဆိုင်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းနှင့်မြို့နယ်စားသုံးသူရေးရာဦးစီး ဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်တို့က မေးမြန်းဆွေးနွေးခြင်း၊ ဖြေကြားအသိပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
အုတ်တွင်းမြို့နယ်အတွင်း ပြည်သူများအသိပညာရရှိရေး အသိပညာပေး Talk Show များကို အွန်လိုင်းမှတစ်ဆင့် သိရှိစေရေးကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
DOCA(ပဲခူး)
