Main menu

သာပေါင်းမြို့နယ်တွင် ဆောင်းသီးနှံများ ထပ်မံစိုက်ပျိုးမည့် စိုက်ဧက

Powered by Drupal

              ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးစပါး၊ နွေစပါး၊ ဆောင်းသီးနှံများဖြစ်သည့် နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်းများကို စိုက်ပျိုးလျက်ရှိရာ မိုးစပါး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ၆၈၂၉၇ ဧက၊ နွေစပါး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ၉၄၀၀၂ ဧကစိုက်ပျိုးခဲ့ပါသည်။ ဆောင်းသီးနှံများသည် နေကြာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ၃၅၅၂ ဧက၊ မတ်ပဲ ၁၆၂၃၄ ဧက၊ ပဲတီစိမ်း ၆၅၃၁ ဧက စိုက်ပျိုးခဲ့ပါသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်တွင်လည်း မိုးစပါး ၆၈၂၉၇ဧက၊ နွေစပါး ၉၃၄၇၄ ဧက၊ နေကြာ ၇၇၅၂ ဧက၊ မတ်ပဲ ၁၆၂၃၄ ဧက၊ ပဲတီစိမ်း ၆၅၃၁ ကိုလည်း ထပ်မံစိုက်ပျိုးမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)