
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးသည် ၂၄.၁၁.၂၀၂၅ ရက်နေ့ နေ့လယ် ၁၂:၀၀ နာရီအချိန်တွင် ကျုံပျော်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ(၁)တွင် ကျုံပျော်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်၏ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်၊ စပါးကုန်သည်များနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ဝန်ကြီးမှ ဆန်၊ စပါးဖူလုံသော တိုင်းဒေသကြီးဖြစ်သော်လည်း အမှန်တကယ် စပါး၊ ဆန်လက်ကျန်မြေပြင်လက်ကျန် စာရင်းကောက်ယူရခြင်းမှာ ဆန်၊ စပါးစီးဝင်စီးထွက် အခြေအနေများ၊ စားသုံးရန်လိုအပ်ချက်နှင့် အမှန်တကယ်ပိုလျှံမှု အခြေအနေများတွက်ဆပြီး ပြည်ပပို့ကုန်လျာထားနိုင်ရန်အတွက်ဖြစ်ပါကြောင်းနှင့် အဓိကအားဖြင့် ပေါ်ဆန်းဆန်နှင့်ကောက်ညှင်းဆန်များပြည်ပတင်ပို့ရန် စီစဉ်ထားရှိမှုများရှင်းလင်းခြင်း၊ ဆန်၊ ဆန်ထွက်ပစ္စည်းများတိုင်းကျော်ပေးပို့သည့်ကားများတွင် ကုန်ပို့လွှာပါရှိရေးနှင့် စပါး၊ ဆန်သိုလှောင်ရောင်းဝယ်သူများမှ MyROမှတ်ပုံတင်ရန် ကျန်ရှိသူများရှိပါက မှတ်ပုံတင်ထားရှိရန်နှင့် လစဉ်ဆန်၊စပါးလက်ကျန် ဖြေဆိုရန်အခက်အခဲရှိပါက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ကိစ္စရပ်များပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
