
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား ၂၀၂၄- ခုနှစ်၊ နိုဝင်ဘာလမှစ၍ လစဉ်ပင်စင်ထုတ်ယူသည့်ရက်တွင် သက်သာသောစျေးနှုန်းဖြင့် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) (၁)ဦးလျှင် စားအုန်းဆီ (၁)ပိဿာနှုန်းဖြင့် ရောင်းချပေးခြင်းကို ပင်စင်လစာ စတင်ထုတ်ယူသည့် (၂၁)ရက်နေ့မှ လကုန်ရက်အထိ ရုံးပိတ်ရက်မပါ ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅-ခုနှစ်၊ နိုဝင်ဘာလတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) (၄၀၀၀)ဦးအတွက် ဆန်၊ ဆီများ အခမဲ့ ထောက်ပံ့ပေးနိုင်ရေး လမ်းညွှန်မှုပြုခဲ့ကြောင်း သိရသည်။
ထိုသို့ လမ်းညွှန်ခဲ့မှုအပေါ် ၂၀၂၅-ခုနှစ်၊ နိုဝင်ဘာလ ပင်စင်စတင်ထုတ်ပေးသည့် (၂၁)ရက်နေ့မှ စ၍ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား မကွေးမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) (၁)ဦးလျှင် ဆန်(၁)ပြည်၊ ဆီ (၅၀)ကျပ်သား (၁)ဘူးနှုန်းဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စား (၄၀၀၀)ဦးအား အခမဲ့ထောက်ပံ့ပေးခဲ့ခြင်းကို (၂၁.၁၁.၂၀၂၅)ရက်နေ့မှ (၂၆.၁၁.၂၀၂၅)ရက်နေ့အထိ ရုံးပိတ်ရက်မပါ (၄)ရက်တိုင်တိုင် အခမဲ့ထောက်ပံ့ပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
