Main menu

ဓနုဖြူမြို့နယ် လိုင်စင်ရ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိကို တာဝန်ရှိသူများက (၂၄-၁၁-၂၀၂၅)ရက်နေ့ နံနက်ပိုင်း တွင် ရှောင်တခွင်လိုက်လံစစ်ဆေးခဲ့သည်။

    ထိုသို့စစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ​မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများသည် ဓနုဖြူမြို့နယ်အတွင်းရှိ လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်(၁၂)ဆိုင်အား  စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီ စျေးနှုန်းမှန်ကန်စွာ ရောင်းချမှု ရှိ/ မရှိ၊ အကန့်အသတ်ဖြင့်ရောင်းချမှု ရှိ/မရှိ၊ ချိန်တွယ်မှန်ကန်မှု ရှိ/မရှိ၊ မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် စက်သုံးဆီသိုလှောင်ထားရှိမှု အခြေအနေများကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)