
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးအောင်ဇော်ဦးသည် (၂၅.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မအူပင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦး ဦးစီးအရာရှိက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၆ခုနှစ်က စတင်ရေးဆွဲပြဌာန်းခဲ့ပြီး လုပ်ဆောင်နိုင်ရန် လိုအပ်ချက်များ ပြင်ဆင်ရေးဆွဲက ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် ထပ်မံပြင်ဆင်ပြဌာန်းအတည်ပြ ပေါ်ထွက်လာခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ စားသုံးသူတို့ ရရှိသင့်သည့် အခွင့်အရေးများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ၂၀၁၉ခုနှစ် ဥပဒေတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ထည့်သွင်းရေးဆွဲပါဝင်ခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ ၄၁ ပါ ကုန်စည်အမျိုးအစားအလိုက် သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏ တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်လမ်းများအား ဖော်ပြရမည်ဖြစ်ပြီး၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သိုမဟုတ်) ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များ၊ ပါဝင်ရမည့် အသေးစိတ် အချက်အလက်များကို မဖြစ်မနေ ဖော်ပြပါရှိရမည် ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
